ကဗျာ


 ဆန္ဒ
ပြည့်စုံမှုမရှိပေမယ့်
 

ဖြူစင်ခြင်းရင်ခွင်တခုနဲ့ပဲ ချစ်ခွင့်လေးပေးပါ …
 

မြေပြင်မှာ ကြွေလွင့်နေတဲ့
 

ပန်းချောက်ကလေးတွေကို

ရွရွကလေးကောက်

ဖွဖွကလေးနမ်းရင်း

ဝေဒနာအလွမ်းကလေးများ

ထပ်တူခံစားတတ်ဖို့ …

လေပြေအဝှေ့မှာ

ညည်းတွားငိုရှိုက်နေတဲ့

ကြွေလွင့်ဆဲသစ်ရွက်ကလေးတွေကို

သနားကြင်နာနွေးထွေးတတ်ဖို့ …

ရင်ထဲမှာရှိသမျှ

အတ္တနဲ့မာနတရား

နှလုံးသားအပြင်ဘက်ကိုမောင်းထုတ်ရင်း

အထီးကျန်ခြင်း နေ့ရက်တွေရဲ့ တဘက်ခြမ်းမှာ

မင်းနဲ့အတူ လျှောက်လှမ်းခွင့်ပြုပါ …

No comments:

Post a Comment