Tuesday, February 12, 2013

စိတ်၏စေရာမလွန်ဆန်နိုင်တဲ့အခါ


ညလေပြေညှင်း သဲ့သဲ့တိုက်ခက်
 
သတိရခြင်းနဲ့ အလွမ်းဓါတ်တွေသယ်ဆောင်ခဲ့လေပြီ
 
သစ်ရွက်ပမာ မခိုင်တဲ့ငါ့စိတ်
 
လေပြေညှင်းနဲ့အတူ မင်းတယောက်ရှိတဲ့စီသို့
 
မျောလွင့်ကြွေကြသွားရှာလေပြီ.....


စွဲလန်းစိတ်တခုကြောင့်
 
မင်းအပေါ်ကို သတိရခြင်းလေပြေညှင်းလေး
 
တိုက်ခက်ပေးမိရင်လည်းဒီလေပွေရူး
 
ဆော့မြူးနေတယ်လို့ မင်းထင်ကြေးပေးနေမလား....
 
သတိရတယ်ဆိုတာ
 
စိတ်ရဲ့စေခိုင်းမှုလို့ နားလည်ထားပေမယ့်
 
မင်းအကြောင်းတွေးမိတိုင်း

ငါ့ရဲ့အတွေးနယ်ချဲ့ချင်တဲ့စိတ် ဘယ်လိုမှထိန်းချုပ်မရခဲ့ဘူး
 
ငါနင့်ကို အရမ်းသတိရနေတယ်ဟာ.....


ခင်မင်မှုထက် တဆင့်တိုး
 
ချစ်ရေးဆိုမယ် အားတင်းထားတိုင်း
 
မင်းတုန့်ပြန်လာမယ့်အဖြေတခု အကောင်းအဆိုး
 
ငါခံနိုင်ရည်ရှိအောင် အားမွေးနေတယ်
 
အချစ်ဆိုတဲ့ဘာသာစကားက
 
ခင်မင်မှုကနေအစပျိုး သံယောဇဉ်တွေတိုးလာတော့
 
အချစ်ရုပ်ကြွင်း ဖြေးညှင်းစွာထင်ရှားလာတယ်
 
ခင်မင်မှုကနေစ အချစ်ရဲ့အဓိပ္ပါယ်ဖြစ်သွားတယ်ဆိုတာနားလည်ပေးပါ.....
နေ့စဉ်ညတိုင်း မင်းအကြောင်းတွေးလို့
 
ရင်ခုန်သံတွေမြိုသိပ်ထားရတာလည်းယနေ့အချိန်ထိပေါ့
 
မင်းအတွက်ငါသိမ်းဆည်းထားတဲ့
 
ရင်းတွင်းစကားတွေ ပွင့်အံလာတဲ့တနေ့
 
ရွှေရင်အစုန်ကို နွေရူးလေပူလာတိုက်ခက်တယ်လို့
 
မင်းထင်သွားမလား ဆိုးထိတ်မိတယ်
 
စွဲလန်းမိတဲ့ငါ့ရဲ့စိတ်ကို မလွန်ဆန်နိုင်တော့လည်း
 
နေလိုပူတဲ့ ခံစားချက်တွေနဲ့ 
မင်းအချစ်ကို မျှော်လင့်လျှက်နဲ့ပေါ့..........

No comments:

Post a Comment