Sunday, May 19, 2013

လူသုံးအများဆုံး Video editing software ထဲမှာ ပါတဲ့ Sony Vegas Pro Suite

ဒါကတော့ တော်တော်များများ သိကြပါတယ်။ Sony Vegas ဆိုတာနဲ့ 
 
video editing သမားများ မသိသူ မကြားဖူးသူ မရှိသလောက်ပါပဲ။ 
 
window အားလုံးနှင့် ကိုက်ညီပြီး အသုံးပြုရလည်း လွယ်ကူတဲ့ video 
 
editing software ပါ။ တော်တော်လေးလည်း လူသုံးများပါတယ်။ 
 
ခုနောက်ပိုင်း software တွေကိုတော့ version အသစ်တွေ၊ နောက်ဆုံး 
 
ထွက် version တွေ ချည်းပဲ တင်ပေးထားပါတယ်။ အဲ့အတွက်တော့ 
 
အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုတင်ပေးထားတဲ့ 
 
sony vegas video editing software ကို သုံးကြည့် ပါ တော်တော်လေး ကောင်း
 
ပါတယ်။ ကျနော် နောက်ရက်တွေမှာ ဒီ software ကို မသုံးတတ်တဲ့ သူတွေအတွက် အသုံးပြုနည်း video 
 
ရှင်းပြချက် လေ့ကျင့်ခန်းတွေ တင်ပေးပါဦးမယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
 
Share>>>ညီနေမင်း(နည်းပညာ)
Download Tusfiles
Part1 | Part2 | Part3 | Part4

Download Zippyshare
Part1 | Part2 | Part3 | Part4

Download Solidfiles
Part1 | Part2 | Part3 | Part4

Download  Ziddu
Part1 | Part2 | Part3 | Part4

Download  Sharebeast
Part1 | Part2 | Part3 | Part4

Download Filecloud
Part1 | Part2 | Part3 | Part4

Download Mirrorcreator
Part1 | Part2 | Part3 | Part4

Tuesday, February 12, 2013

စိတ်၏စေရာမလွန်ဆန်နိုင်တဲ့အခါ


ညလေပြေညှင်း သဲ့သဲ့တိုက်ခက်
 
သတိရခြင်းနဲ့ အလွမ်းဓါတ်တွေသယ်ဆောင်ခဲ့လေပြီ
 
သစ်ရွက်ပမာ မခိုင်တဲ့ငါ့စိတ်
 
လေပြေညှင်းနဲ့အတူ မင်းတယောက်ရှိတဲ့စီသို့
 
မျောလွင့်ကြွေကြသွားရှာလေပြီ.....


စွဲလန်းစိတ်တခုကြောင့်
 
မင်းအပေါ်ကို သတိရခြင်းလေပြေညှင်းလေး
 
တိုက်ခက်ပေးမိရင်လည်းဒီလေပွေရူး
 
ဆော့မြူးနေတယ်လို့ မင်းထင်ကြေးပေးနေမလား....
 
သတိရတယ်ဆိုတာ
 
စိတ်ရဲ့စေခိုင်းမှုလို့ နားလည်ထားပေမယ့်
 
မင်းအကြောင်းတွေးမိတိုင်း

ငါ့ရဲ့အတွေးနယ်ချဲ့ချင်တဲ့စိတ် ဘယ်လိုမှထိန်းချုပ်မရခဲ့ဘူး
 
ငါနင့်ကို အရမ်းသတိရနေတယ်ဟာ.....


ခင်မင်မှုထက် တဆင့်တိုး
 
ချစ်ရေးဆိုမယ် အားတင်းထားတိုင်း
 
မင်းတုန့်ပြန်လာမယ့်အဖြေတခု အကောင်းအဆိုး
 
ငါခံနိုင်ရည်ရှိအောင် အားမွေးနေတယ်
 
အချစ်ဆိုတဲ့ဘာသာစကားက
 
ခင်မင်မှုကနေအစပျိုး သံယောဇဉ်တွေတိုးလာတော့
 
အချစ်ရုပ်ကြွင်း ဖြေးညှင်းစွာထင်ရှားလာတယ်
 
ခင်မင်မှုကနေစ အချစ်ရဲ့အဓိပ္ပါယ်ဖြစ်သွားတယ်ဆိုတာနားလည်ပေးပါ.....
နေ့စဉ်ညတိုင်း မင်းအကြောင်းတွေးလို့
 
ရင်ခုန်သံတွေမြိုသိပ်ထားရတာလည်းယနေ့အချိန်ထိပေါ့
 
မင်းအတွက်ငါသိမ်းဆည်းထားတဲ့
 
ရင်းတွင်းစကားတွေ ပွင့်အံလာတဲ့တနေ့
 
ရွှေရင်အစုန်ကို နွေရူးလေပူလာတိုက်ခက်တယ်လို့
 
မင်းထင်သွားမလား ဆိုးထိတ်မိတယ်
 
စွဲလန်းမိတဲ့ငါ့ရဲ့စိတ်ကို မလွန်ဆန်နိုင်တော့လည်း
 
နေလိုပူတဲ့ ခံစားချက်တွေနဲ့ 
မင်းအချစ်ကို မျှော်လင့်လျှက်နဲ့ပေါ့..........

Tuesday, January 15, 2013

ရာသီမဟုတ်တဲ့မိုးစက်


ရာသီမဟုတ်တဲ့မိုးစက်

မထိခိုက်ဖူးတဲ့ဖြူစင်သော


 မေတ္တာတွေနဲ့လွတ်လပ်စွာ

နေထိုင်ရင်းပန်းတစ်ပွင့်ကို

နမ်းရှိုက်မိခဲ့တယ်.......

အခုတော့...

မျှော်လေတိုင်း ဝေး..

တွေးလေတိုင်း ဆွေး...

ဒဏ်ရာတွေ ရင်မှာခစားရင်း

ရင်လှိုင်းခတ်သံတွေဒီဇင်ဘာညဆောင်းတစ်ညမှာ

ရာသီမဟုတ်တဲ့မျက်ရည်မိုးစက်တွေငိုချခဲ့ပြီလေ....။








love


Love `
ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့

တင်ပြလိုက်ပါတယ်။ ဇောချွေးတွေပြန်နေတာလားရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့

စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ

သဘောကျတာပါ။ မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး

 လက်တွဲဖြုတ်ရမှာကို

သိပ်စိုးရိမ်နေတယ်။ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။ ဂုဏ်ယူပြီးသူ့ကို ထုတ်ကြွားမယ်။ အဲဒီလို

ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။ ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။ မင်းရဲ့ အနားက

တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။ ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။ လူတိုင်း

လိုလားအပ်တဲ့အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။ ဒါ အချစ် မဟုတ်ဘူး။

ပိုင်ဆိုင်ချင်စိတ်ပါ။ သူက မင်းကိုအနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲဆုပ်ကိုင်ထားလို့ မင်း

သူ့အနားမှာ ရှိနေတာလား။ ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

 အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။

ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။ သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့

 သူ့ကို ပုံအပ်လိုက်ချင်တာလား။ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။ သူ့ကို သိပ်

ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။ ဒါ အချစ် မဟုတ်ဘူး။

သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။ အတွေးထဲမှာ နေ့တိုင်းလိုလို

သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။ ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။ ဒါ အချစ် မဟုတ်ဘူး။

အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။ သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။ဒါမှ

အချစ်လေ။ သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်းမဟုတ်တောင်စိတ်ထဲကကျိတ်ငိုကျွေးခဲ့ရသလား။အဲဒါ

အချစ်လေ။

 မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို

လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။ ဒါဆို အချစ်လေ။ သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့

အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။ အဲဒါ အချစ်ပါ။ တခြားသူတွေကို စွဲဆောင်ဖို့

ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။ ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။ ဒါဟာ အချစ်ပဲပေါ့။

ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။ အဖြေက သိပ်ရိုးရှင်းပါတယ်။

အဲဒါ အချစ်ကြောင့်လေ။ ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး

ဆိုတဲ့လူတွေတောင် ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

Sunday, November 18, 2012

အလွမ်းနေ့ရက်များ

အချစ်ရယ်
ကိုယ့်အသည်းကိုယ်ပြန်ခွဲရတာလောက်
ဘယ်အရာကများ ပိုပြီးနာကျင်စေမှာတဲ့လဲ
ပြဿဒါးရက်ခပ်များများနဲ့ကောင်အတွက်
ထာဝရဆိုတဲ့စကားက
ခဲယဉ်းလွန်းအားကြီးလှပါတယ်……

တကယ်တမ်းဆိုရင်
နစ်ဝင်နေခဲ့တဲ့ သမုဒယရဲ့ဇစ်မြစ်
အချစ်လို့သမုတ်ဝံ့ခဲ့တဲ့အမှား
ရင်ခွင်မှာခြစားသလို
တိုက်စားခံခဲ့ရတဲ့ဒဏ်ရာ
ကြာလာတော့လည်းလူမသိပေမဲ့
တဆစ်ဆစ်နာတတ်လာတယ်………

အချစ်ရေ……
ယောင်ယမ်းပြီးနမ်းခဲ့ရတဲ့
အိပ်မက်ထဲကရင်ခွင်နန်းမှာ
အခုချိန်ဆို…..
စံပယ်ပန်းတွေပွင့်နေလောက်ရောပေါ့…
မသိမှုတော်တော်များများကို
တကူးတကစုဆောင်းပြီး
(ငါက)မျှော်လင့်ခြင်းစုဗူးလေးလုပ်ထားဖူးတယ်…….

လေပြည်နုထွေး ဆံစလေးလည်း…..ကဗျာ
ချိုကြည်တေးဆို နှုတ်ခမ်းချိုလေးလည်း……ကဗျာ
အဖြူနဲ့အပြာဟာလည်း……ကဗျာ
ရောင်စုံဘောပင်လေးတွေဟာလည်း…….ကဗျာ
(မင်းနဲ့ပတ်သတ်လာရင်လေ)
ငါ့အိပ်မက်နဲ့ငါ့ကမ္ဘာမှာ
အရာရာဟာ ကဗျာချည်းဖြစ်လို့………..

ပိန်းပိတ်အောင်မှောင်တဲ့ညတွေဆို
ငါ အိပ်မပျော်ဘူး….အချစ်ရယ်
အိပ်မက်ထဲက ထွက်ပြေးသွားတဲ့
မင်းရဲ့ခြေသံတွေအကြားမှာ
ငါ့ နှလုံးသားကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားမိပါရဲ့……….

ကမ္ဘာလောကကြီး ပျက်သုဉ်းသွားမှာ
မိုးပြိုကျလာမှာ (ငါ)မကြောက်ပါဘူး….
ဒါပေမဲ့..
မင်းမုန်းသွားမယ့် နေ့မှာတော့
ငါ့ရဲ့သေနေ့စေ့ပါရစေ……..

အေးတိအေးစက် မင်းအပြုံးကို
တစ်သက်လုံး မြင်ခွင့်မရပါစေနဲ့
လျော့တိလျော့ရဲ မင်းရယ်သံ
ဘယ်လို ငါခံစားနိုင်ပါ့မလဲကွယ်
ငါက…
ခိုက်ခိုက်တုန်အောင် ၀မ်းနည်းတတ်ခဲ့ဖူးတယ်….

အချစ်ရေ…….
ဆုံးရှုံးရလွန်းအားကြီးလို
စကြ၀ဠာကြီးတစ်ခုလုံးကို
မုန်းနေမိခဲ့ရင်တောင်
မင်းနာမည်လေး တစ်လုံးကိုတော့
တစ်သက်လုံး အာဂုံဆောင်ထားပါရစေကွဲ့
ငါက…
နည်းနည်းလေးတော့ လွမ်းတတ်တယ်……..

ဒီလိုပါပဲ…
ငါ့ဒိုင်ယာရီစာအုပ်ထဲမှာ
မင်းရဲ့နာမည်လေးရှိတယ်….
ငါ့အခန်းနံရံထောင့်မှာ
မင်းအငွေ့အသက်လေးတွေရှိတယ်…..
ငါ့နှလုံးသား အခန်းငယ်ထဲမှာ
မင်း ကိုယ်ပိုင်နေရာလေးရှိတယ်…..
အချစ်ရေ…..
တစ်ချက်လောက်တော့ ငဲ့ကြည့်ပါဦးလား…….

ထားခဲ့ပါကွယ်…
ပစ္စုပန်ဆိုတဲ့ ညတစ်ညကို
မင်းဖြတ်ကျော်ခဲ့ပြီးရင်
ငါက(မင်းအတွက်တော့)
မနေ့ကသတင်းဖြစ်သွားမှာပါ…….

ဒါပေမဲ့လည်း…အချစ်ရယ်
(မင်းကို သတိရမိရင်လေ)
ငါက….
ကဗျာလေးတွေ ရေးဖြစ်မယ်
စီးကရက်တွေ ပိုသောက်ဖြစ်မယ်
သီချင်းတွေ အကျယ်ကြီးဖွင့်နားထောင်ဖြစ်မယ်
(နောက်ပြီး)
ငါ့စိတ်ကူးထဲမှာ..
မင်းရဲ့နဖူးကို ခပ်ဖွဖွလေးနမ်းပြီး
အနာဂတ်ကို ကုန်ဆုံးစေမှာပေါ့ကွယ်……..။ ။